IQN အသိအမှတ်ပြု Diploma သင်တန်းတစ်ခုဖြစ်သည့် Diploma in Business English သင်တန်းသည် သင်တန်းသားများ၏ အင်္ဂလိပ်စာအရည်အသွေးနှင့် လုပ်ငန်းခွင်၌ မိမိကိုယ်မိမိယုံကြည်မှုကို တိုးတက်စေသော သင်တန်းတစ်ခုဖြစ်ပါသည်။ Business English သင်ခန်းစာများကို လေ့လာသင်ယူခြင်းဖြင့် လုပ်ငန်းခွင်ယှဉ်ပြိုင်မှုများတွင် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရရှိစေနိုင်ပါသည်။ ထိုကြောင့် IQN Diploma in Business English သင်တန်းကို တက်ရောက်လေ့လာ ဒီပလိုမာရယူပြီး အင်္ဂလိပ်စာအရည်အသွေးကို မြှင့်တင်ကာ မိမိအတွက် ကောင်းမွန်သော အနာဂတ်တစ်ခုကို တည်ဆောက်လိုသူများအတွက် အထူးသင့်တော်သော သင်တန်းတစ်ခုဖြစ်ပါသည်။
IQN Diploma in Business English သည် United Kingdom ရှိ အမျိုးသားအဆင့်သတ်မှတ်ချက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Scottish Credit and Qualifications Framework (SCQF) ၏ အဆင့်သတ်မှတ်ချက်တွင် Level (5) အဖြစ် သတ်မှတ်ခြင်းခံရသည့်အပြင် ဥရောပနိုင်ငံများဆိုင်ရာ အဆင့်သတ်မှတ်ချက်အဖွဲ့အစည်း European Qualifications Framework (EQF) အဆင့်သတ်မှတ်ချက် Level (3) အဖြစ်သတ်မှတ်ထားသော Credit ကောင်းများရရှိထားသည့် ဒီပလိုမာ သင်တန်းဖြစ်ပါသည်။
Common European Framework of Reference (CEFR) အဖွဲ့အစည်း သည် ဘာသာစကားဆိုင်ရာ အဆင့်သတ်မှတ်ချက်များအား အဆင် (၆)ဆင့်ဖြင့် ခွဲခြားသတ်မှတ်ထားပါသည်။ အဆင့်တစ်ဆင့်ချင်းစီသည် သက်ဆိုင်ရာ ဘာသာစကားပေါ်တွင် သင်တန်းသား၏ အရေးအသား၊ ဖတ်ရှုနိုင်စွမ်း၊ ပြောဆိုနိုင်မှုနှင့် နားလည်နိုင်မှုများအပေါ်တွင် မူတည်၍ သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ပုံတွင်ပါရှိသော အင်္ဂလိပ်စာဘာသာရပ် အဆင့်သတ်မှတ်ချက်ဇယားတွင် IQN Diploma in Business English နှင့် IELTS တို့၏အဆင့်သတ်မှတ်ချက်များအား နှိုင်းယှဉ်ကြည့်ရှုနိုင်ပါသည်။
Exam
IQN Diploma in Business English ဒီပလိုမာအား ရရှိနိုင်ရန်အတွက် ကွန်ပျူတာဖြင့် ဖြေဆိုရသော စာမေးပွဲ MCQ exam အား ဖြေဆိုအောင်မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ စာမေးပွဲအား သတ်မှတ်ထားသော Exam Centre များတွင် သတ်မှတ်ထားသောဖြေဆိုချိန်အတွင်း သင်တန်းသားများမှ ဖြေဆိုကြရမည်ဖြစ်ပြီး IQN မှ အွန်လိုင်းစနစ်အသုံးပြုစစ်ဆေးသွားမည်ဖြစ်ပါသည်။